myanmar news

အေဂျက် ၂-၃ တော့တင်ဟမ်း ချန်ပီယံလိဂ် ရဲ့ နောက်ထပ် အကောင်းဆုံး come back နဲ့အတူ စပါးအသင်း ဖိုင်နယ်တက်ခဲ့တဲ့ ပွဲမှ ထူးထူးခြားခြား ပြောစရာများ

[ads_nandar]
အေဂျက်အသင်း ချန်ပီယံလိဂ် ဖိုင်နယ်မှာ လီဗာပူး နဲ့ တွေ့မယ်လို့ ထင်ခဲ့ပေမယ်လည်း ထင်သလောက် မလွယ်ကူ ခဲ့ပါဘူး။ နယ်သာလန် ကလပ်ဟာ ပထမအကျော့က ၁-၀ ဆိုတဲ့ ရလဒ်အပြင် ဒုတိယအကျော့မှာလည်း ပထမပိုင်း သွင်းဂိုး ၂ဂိုးကြောင့် half-time မှာတင် ၃-၀ နဲ့ အသာစီး အနေအထား ရခဲ့ပါတယ်။ ဒါပေမယ့် လူကပ်မော်ရာရဲ့ ဒုတိယပိုင်း အစ သွင်းဂိုး ၂ ဂိုးကြောင့် အိမ်ရှင်အသင်းအတွက် စိုးရိမ်မှုတွေ ၀င်ရောက်လာခဲ့ပြီး ပွဲပြီးခါနီး နောက်ဆုံး မိနစ် မှာတော့ မော်ရာ ကပဲ ၎င်းရဲ့ ဟက်ထရစ် ဖြစ်စေမယ့် ဂိုးနဲ့ အတူ စပါးကို ဖိုင်နယ်ကို ပို့ဆောင် ပေးခဲ့ပါတယ်။
ဒီပွဲစဉ်မှာ ပြောစရာ ဖြစ်ခဲ့တဲ့ အချက်ငါးချက် ကတော့
၁~ ထပ်မံမြင်တွေ့ ခဲ့ရပြန်တဲ့ အကောင်းဆုံး Come back
အင်္ဂါနေ့က လီဗာပူး အသင်း ဘာစီလိုနာ အသင်း ကို ကျော်ဖြတ် ပြခဲ့သလိုပဲ စပါး အသင်းဟာ နှစ်ကျော့ပေါင်း ၃ – ၀ ဆိုတဲ့ ရလဒ် နဲ့ ပထမပိုင်းမှာ ရှုံးနေ ခဲ့ပေမယ့်လည်း ဒုတိယပိုင်း သွင်းဂိုး တွေနဲ့ အတူ ပြန်လာ နိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ကလပ်တွေကို ဖြိုလှဲ ရတာ မလွယ်ကူဘူး ဆိုတာကို ထပ်မံ သက်သေ ပြသွားခဲ့ ပါတယ်။
[ads_nandar]
ဘာပဲ ဖြစ်ဖြစ် စပါး ရဲ့ နိုင်ပွဲဟာ လီဗာပူး ထက်ပိုပြီးတော့တောင် ချိုမြိန် နိုင်ပါတယ်။ စပါးဟာ နောက်ပိုင်း ပွဲစဉ်တွေမှာ ခြေစွမ်းပိုင်း မကောင်း ဖြစ်နေခဲ့ပြီး ဒီအသင်းဟာ အဓိက ကစားသမား ဟယ်ရီကိန်း ကိုလည်း လက်လွှတ် ထားရပါတယ်။ ပြီးတော့ အဝေးကွင်းမှာ ကစား ခဲ့ရတာပါ။ ပထမပိုင်းမှာ ကစားပုံ မကောင်းတာကြောင့် အေဂျက်အသင်းရဲ့ ဦးဆောင်ဂိုးတွေကို ခွင့်ပြု ခဲ့ရပြီး ပြန်လာ နိုင်ဖို့ အတော် ခက်ခဲတဲ့ အနေအထား ရှိနေ ခဲ့ပေမယ့်လည်း ဒုတိယပိုင်း မှာတော့ ဘာမှ ဆုံးရှုံးစရာ မရှိဘူးဆိုတဲ့ ခံယူချက် နဲ့ အတူ ယခုလို လှပစွာ ပြန်လာ နိုင်ခဲ့တာပါ။ ဒီရာသီ ချန်ပီယံလိဂ် ကတော့ အံ့သြစရာတွေ အပြည်နဲ့ ဖြစ်ပြီး ပရိတ်သတ်တွေရဲ့ ရင်ခုန်နှုန်းတွေကို မြန်ဆန်အောင် လုပ်ပေး နေဆဲ ဖြစ်ပါတယ်။

[ads_nandar]
၂~ လီဗာပူး Vs တော့တင်ဟမ်
လီဗာပူး အသင်းဟာ ဆီမီးဖိုင်နယ် မဲခွဲပြီးနောက် သူတို့သာ ဘာစီလိုနာ အသင်းကို ကျော်ဖြတ် နိုင်ခဲ့မယ် ဆိုရင် လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် ဥရောပ ချန်ပီယံလိဂ် ဆုဖလား ကို ရယူ နိုင်ဖို့ အခြေအနေ အရမ်း ကောင်းသွားမယ်လို့ တွေးထား ခဲ့မှာပါ။ အေဂျက် နဲ့ ပွဲမှာ စပါး အသင်းရဲ့ ၂ ကျော့ ခြေစွမ်း အရ ဒီလို ထပ်တွေးနေ အုံးမှာပါပဲ။ လီဗာပူး အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် မှာ စပါးအသင်းကို ၂ ကျော့စလုံး ၂ – ၁ နဲ့ အနိုင် ရရှိခဲ့ပါတယ်။ ကလော့ အနေနဲ့ အကြောင်းသိ အသင်းနဲ့ ရင်ဆိုင် ရမှာ ဖြစ်တာကြောင့် ပိုမို ယုံကြည်မှု ရှိနေ နိုင်ပါတယ်။

ဒါပေမယ့် စပါးအသင်းရဲ့ ကွာတားဖိုင်နယ် မှာ မန်စီးတီး ၊ ဆီမီးဖိုင်နယ်မှာ မော်ရာ ရဲ့ နောက်ဆုံး မိနစ် သွင်းဂိုး အတူ အေဂျက်ကို အနိုင်ယူပြ ခဲ့တဲ့ ပုံစံဟာ ကလော့ ကို အနည်းငယ်တော့ ခြောက်ခြား နေစေမှာပါ။ လာမည့် ဇွန်လ ၁ ရက်နေ့ အက်သလက်တီကို ရဲ့ ကွင်းကြီးထဲမှာ အကောင်းဆုံး come back နဲ့ ပြန်လာကာ စိတ်ဓာတ် တက်ကြွနေတဲ့ အသင်း နှစ်သင်း ဘယ်သူ အသာစီး ရသွားမလဲ ဆိုတာ ကတော့ ရင်ခုန်စရာ ပါပဲ။
[ads_nandar]

၃~ ဟယ်ရီကိန်းကို လွမ်းစရာ မရှိခဲ့
ပထမပိုင်း ၄၅ မိနစ် မှာတော့ စပါး နဲ့ လီဗာပူး တို့ရဲ့ လူအင်အား နက်ရှိုင်းမှု ခြားနားချက်ကို ပြသ ခဲ့ပါတယ်။ လီဗာပူး ဟာ ဘာကာ နဲ့ ပွဲမှာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ် ကစားသမား ၂ ဦး ဖြစ်တဲ့ ဆာလား ၊ ဖာမီနို တို့မပါ ပေမယ့်လည်း ဘာကာကို ဂိုးသွင်းနိုင်ခဲ့ကာ ခြိမ်းခြောက်မှုတွေလည်း လုပ်နိုင် ခဲ့ပါတယ်။ ဟယ်ရီကိန်း မပါတဲ့ စပါး ကတော့ တိုက်စစ်မှာ အစွယ်မရှိတဲ့ မြွေလို ဖြစ်နေ ခဲ့ပါတယ်။

ဒါပေမယ့် ဒုတိယပိုင်းမှာ လိုရန်တီ လူစားဝင် လာခဲ့ပြီးနောက် ပွဲဟာ အလှည့်အပြောင်း ဖြစ်သွား ခဲ့ပြီး မော်ရာ ကလည်း ပေါ်ထွက် လာခဲ့ပါတယ်။ ဘရာဇီး စတား ဟာ ၅၅ ၊ ၅၉ မိနစ် တို့မှာ ဂိုးတွေ ဆက်တိုက် သွင်းကာ စပါး ကို မျှော်လင့်ချက် ရှင်သန် စေခဲ့ပါတယ်။ မော်ရာ နောက်ဆုံး မိနစ်မှာ ဟက်ထရစ်မြောက် ဂိုးကို သွင်းယူ လိုက်ချိန် မှာတော့ စပါး အသင်းနဲ့ ဆက်နွယ်သူတွေ အားလုံး စိတ်လွတ်ထွက်ကုန်ကာ အစွမ်းကုန် အောင်ပွဲခံ ခဲ့ကြပါတယ်။ ဟယ်ရီကိန်း မရှိပေမယ့်လည်း စပါးဟာ ဒီလို ဖိုင်နယ်ကို တက်လှမ်း နိုင်ခဲ့တာ ဖြစ်ပြီး ပွဲပြီးဆုံးပြီးနောက် ဘယ်သူကများ ကိန်းကို တမ်းတနေမှာလဲ။


[ads_nandar]

[ads_nandar]၄~ နယ်သာလန် ဂန္တ၀င် ဖြစ်လာမယ့် ဒီလစ်
ဒီလစ် နဲ့ ပက်သက်ပြီး ချီးကျူးစရာ စကား ကတော့ ရှားပါး သွားခဲ့ပါပြီ။ ဒတ်ခ်ျ ဆယ်ကျော်သက် ကစာသမား ဟာ အေဂျက် အသင်း ဆီမီးဖိုင်နယ် ကနေ ထွက်ခွာ ခဲ့ရပေမယ့်လည်း တကယ့်ကို ဂန္တ၀င် ဖြစ်လာမယ့် စွမ်းဆောင်ရည်ကို ပြသ ခဲ့ပါတယ်။ အသက် ၂၀ ပတ်ဝန်းကျင် သာ ရှိသေးပေမယ့် ၎င်းကို ဘောဘီမိုး ၊ ဘက်ကင်ဘောင်ဝါ ၊ မာဒိနီ တို့လို ဂန္တ၀င်တွေ နဲ့တောင် နှိုင်းယှဉ် ပြောနေ ကြပါတယ်။

၎င်းမလုပ်နိုင်တာ ခပ်ရှားရှားပါ။ ဘောလုံးပေးပို့မှု ၊ ဖျက်ထုတ်မှု ၊ ဆုံးဖြတ်ချက် ချမှတ်မှု ၊ သွင်းဂိုး စတာတွေ အားလုံး ပြည့်စုံ နေပြီး ဥရောပ ထိပ်တန်း ကလပ်တွေဟာ ၎င်းကို ခေါ်ယူဖို့ အသဲအသန် စိတ်ဝင်စား နေကြတာ အံ့သြစရာတော့ မဟုတ်ပါဘူး။ ဒီလစ် ရဲ့ ပြောင်းရွေကြေးဟာ အေဂျက် အသင်း ချန်ပီယံလိဂ် ဖိုင်နယ် မတက် ခဲ့တာကြောင့် နဲ့တော့ ကျဆင်း သွားဖို့ မရှိပါဘူး။


[ads_nandar]

၅~ တော့တင်ဟမ် ရဲ့ form
စပါး အသင်းရဲ့ ဘောလုံး ရာသီ ကတော့ အလှည့်အပြောင်းတွေ များလွန်း လှပါတယ်။ စပါး ဟာ ဒီပွဲ မတိုင်မီ နောက်ဆုံး ၆ ပွဲမှာ ရှုံးပွဲ ၅ ပွဲ နိုင်ပွဲ တစ်ပွဲသာ ရရှိ ထားခဲ့ပြီး ချန်ပီယံလိဂ် ၀င်ခွင့်အတွက်တောင် အတော် စိုးရိမ် ခဲ့ရပါတယ်။ ဒါပေမယ့် အေဂျက်ကို အမ်စတာဒမ် မှာ နိုင်ခဲ့တာ ကတော့ စပါးရဲ့ ပြီးခဲ့တဲ့ ရလဒ်ဆိုးတွေကို လုံးဝ ဖုံးလွှမ်း သွားနိုင်ခဲ့ပြီး ဒီရာသီ ဟာ ၎င်းတို့ အတွက် အဓိပ္ပာယ် ရှိနေဆဲ ဖြစ်ပါတယ်။

စပါး ဟာ ချန်ပီယံလိဂ် ၀င်ခွင့် အတွက် နောက်ဆုံး ပွဲစဉ်မှာ အဲဗာတန် ကို ဂိုးပြတ် မရှုံးဖို့ လိုအပ်ပြီး အဆင့် ၅ နေရာ က အာဆင်နယ် ကတော့ ထိပ်ဆုံးလေးသင်း ၀င်ဖို့ အတွက် စပါးရဲ့ ဂိုးပြတ် ရှုံးပွဲ အပြင် ၎င်းတို့ကလည်း ဘန်လေကို အဝေးကွင်းမှာ ဂိုးပြတ် နိုင်ဖို့ လိုတာကြောင့် တော့တင်ဟမ်ဟာ လာမည့် ရာသီ ချန်ပီယံလိဂ် တစ်နေစာ အတွက် သေချာ သလောက် ပါပဲ။

crd

လူးကပ် မော်ရာ ရဲ့ ဟတ်ထရစ် နဲ့ သမိုင်းကြောင်း တစ်လျှောက် ပထမဆုံး ဗိုလ်လုပွဲကို တက်ရောက် ခဲ့တဲ့ စပါး

[ads_grace]

အေဂျက် ကစားသမား စာရင်း
********************
ဂိုး – အိုနာနာ
နောက်တန်း – မာဇာရူအီ ၊ ဒီလစ် ၊ ဘလင်း ၊ တက်ဂလီယာဖီကို
အလယ်တန်း – ရှုန်း ၊ ဘန်ဒီဘိခ် ၊ ဒီဂျောင်
ရှေ့တန်း – ဒေါလ်ဘာ့ ၊ တာဒစ် ၊ ဇီယက်

စပါး ကစားသမား စာရင်း
******************

ဂိုး – လိုရစ်
နောက်တန်း – ထရစ်ပီယာ ၊ အယ်ဒါဝီရယ် ၊ ဗာတွန်ဂမ် ၊ ရို့စ်
အလယ်တန်း – ဆစ်ဆိုခို ၊ ၀မ်ယာမာ ၊ အလီ ၊ အဲရစ်ဆင်
ရှေ့တန်း – မော်ရာ ၊ ဆွန်

[ads_grace]

Goal!!
ပွဲစတာနဲ့ အေဂျက်ဟာ အိမ်ရှင်ပီပီ တိုက်စစ်ကို ရဲရဲတင်းတင်း တိုက်စစ်ကို ဖွင့်ကစားရင်း ဦးဆောင်ဂိုး စတင်ရရှိသွားခဲ့ ပါတယ်။ ပွဲချိန် 4 မီးနစ်မှာ ထောင့်ကန်ဘောကနေ တဆင့် မ တင်ပေးလိုက်တဲ့ ဘောလုံးကို အသင်းခေါင်းဆောင် ဒီလစ်က အပိုင် ခေါင်းတိုက်သွင်းယူ သွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အနေအထားမှာ စပါး နောက်တန်းက ထရစ်ပီယာ ဟာ ဒီလစ်ကို ကနဦး လူကပ်ထားခဲ့ပေမယ့် ၊ ခေါင်းတိုက်မယ့် အခိုက်အတန့်မှာတော့ လွှတ်ပေးလိုက်သလို ဖြစ်သွားခဲ့ကာ ၊ အေဂျက် အသင်းခေါင်းဆောင်က အခွင့်အရေးကို ပိုင်ပိုင်နိုင်နိုင် အသုံးချသွားခဲ့တာ ဖြစ်ပါတယ်။

ဒီလစ်ဟာ ကွာတားဖိုင်နယ် အဆင့် ဒုတိယ အကျော့ပွဲစဉ်မှာ ဂျူဗီ ဘက်ကို ခေါင်းတိုက်ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်သလို ၊ ဆီမီးဖိုင်နယ် ဒုတိယ အကျော့မှာလဲ နောက်ထပ် ခေါင်းတိုက် ဂိုး 1 ဂိုး ထပ်မံ သွင်းယူခဲ့ပြီး ၊ ဒီရာသီ စုစုပေါင်း သွင်းဂိုးက 7 ဂိုး အထိ ရှိလာခဲ့ပါပြီ။

ဦးဆောင်ဂိုး ပေးလိုက်ရပြီးမှာတော့ စပါးဟာ ချေပဂိုး ရယူဖို့ ချက်ခြင်း ပြန်လည် တိုက်စစ်ဆင်ခဲ့ပြီး ၊ ဆွန်ယောင်မင် ရဲ့ တစ်ကိုယ်တောက် ထိုးဖောက်မှု ကနေ ဂိုးရှေ့ကို အကောင်းဆုံး ခင်းပေးခဲ့ပေမယ့် ၊ ပိတ်သွင်းမယ့်သူ မရှိတာကြောင့် ၊ အခွင့်အရေး တစ်ရပ် ဆုံးရှုံးသွားတယ်လို့ ဆိုရမှာပါ။

အဲဒီနောက် အလီရဲ့ ဖန်တီးမှုကနေ ဆွန်ယောင်မင် က ဂိုးရှေ့မှာ အပိုင် ကန်သွင်းခွင့် ရရှိခဲ့ပြန်ပေမယ့် ၊ အေဂျက် ဂိုးသမား အိုနာနာ ကပဲ ကာကွယ် သွားခဲ့ ပါတယ်။

Goal!!
35 မီးနစ် အရောက်မှာ အိမ်ရှင်တို့ကပဲ ဒုတိယ ဦးဆောင်ဂိုး ထပ်မံ ရယူခဲ့ ပါတယ်။ ဒီဂိုးဟာလဲ ထရစ်ပီယာ ရဲ့ အမှားကနေ တန်ပြန်တိုက်စစ်ကို ခွင့်ပြု လိုက်ရတာ ဖြစ်ပြီး ၊ တာဒစ် ပြန်ချပေးတဲ့ ဘောလုံးကို ၊ ဇီယက် က အပိုင် ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။

စပါးအတွက်တော့ မျှော်လင့်ချက်တွေဟာတော်တော်လေးကို နည်းပါး သွားခဲ့သလို ၊ တိုက်စစ် ပုံဖော်မှုတွေဟာလဲ အသင်းလုံး ဟန်ချက်ညီမှု လုံးဝ မရှိတော့ပဲ ၊ အေဂျက် ဂိုးဧရိယာ ထိပ်မှာတင် ပျက်ပြယ် သွားခဲ့ ရပါတယ်။ အထူးသဖြင့် ကွင်းလယ် ကစားသမားတွေ ဖြစ်တဲ့ ဆစ်ဆိုခို ၊ ၀မ်ယာမာတို့ ရဲ့ ခြေစွမ်းဟာ ပုံမှန်အောက်ကို ကျဆင်းနေခဲ့တာကြောင့် ၊ တိုက်စစ် လမ်းကြောင်း ပုံဖော်မှုတွေဟာလဲ အားနည်းမှုတွေ များစွာ ဖြစ်ပေါ်နေခဲ့ ရပါတယ်။

[ads_grace]

ပထမပိုင်းမှာ စပါးဟာ အေဂျက်ကို တုန့်ပြန် ကစားဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့သော်လဲ သူတို့ရဲ့ ကစားဟန်ဟာ စုစည်းမှု လုံးဝ မရှိခဲ့သလို ၊ ဦးဆောင်ဂိုးတွေ ပေးထားရတာကြောင့် စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုကလဲ အားနည်းလွန်းနေခဲ့ ပါတယ်။ ဒါကြောင့် ချေပဂိုး ရဖို့ လုံလောက်တဲ့ ဂိုးပေါက် ကန်သွင်းမှုတွေ ရယူနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

အေဂျက် လူငယ်တွေ ကတော့ တကယ်ကို ကောင်းမွန်လွန်းတယ်ဗျာ………

Second Half
***********

ဒုတိယပိုင်း ပြန်လည် စတင်ချိန်မှာတော့ စပါးဟာ ချေပဂိုး ရဖို့ လိုရန်တီကို ထည့်သွင်း ကစားလာခဲ့ပါပြီ။ အဲဒီနောက် အလီရဲ့ အနီးကပ် ပိတ်သွင်းချက်ကို အိုနာနာက ထပ်မံ ကာကွယ် သွားပြန်တာကြောင့် ချေပဂိုးနဲ့ ထပ်မံ လွဲချော်ခဲ့ ရပြန်ပါတယ်။

Goal!!!
54 မီးနစ် အရောက်မှာ အလီခင်းပေးလိုက်တဲ့ ဘောလုံးကို လူးကပ် မော်ရာ က ပြေးအားကောင်းကောင်း နဲ့ ဆွဲထွက်သွားခဲ့ပြီး ၊ ဂိုးသမား နဲ့ တစ်ယောက်ချင်း အတွေ့မှာ အပိုင်ကန်သွင်း သွားခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် 4 မီးနစ် အကြာမှာ စပါးအတွက် ဒုတိယမြောက် ချေပဂိုးကို မော်ရာကပဲ ထပ်မံ သွင်းယူ လိုက်ပြန်ပါတယ်။

[ads_grace]

ပွဲဟာ တော်တော်လေးကို စိတ်ဝင်စားစရာ ကောင်းသွားခဲ့ ပါပြီ။ စပါးဟာ နောက်တစ်ဂိုး သွင်းယူ နိုင်ပြီ ဆိုပါက ဗိုလ်လုပွဲ ကို တက်ရောက်နိုင်မှာ ဖြစ်လို့ စိတ်ဓါတ်တွေလဲ မြင့်တက်သွားခဲ့ ပါတယ်။ ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲ ဒုတိယ အကျော့ အလှည့်အပြောင်းတွေကတော့ တကယ်ကို မယုံနိုင်စရာပဲဗျာ……….

2-2 ဖြစ်သွားပြီး နောက်ပိုင်းမှာတော့ ပွဲဟာ ပိုပြီးတော့ အကြိတ်အနယ် ရှိလာခဲ့ပြီး ၊ နှစ်သင်း စလုံးကလဲ နောက်ထပ် သွင်းဂိုး တစ်ဂိုး ရရှိရေးပဲ ဦးတည် ကစားလာခဲ့ပါတယ်။ စပါးရော ၊ အေဂျက်ပါ အခွင့်အရေး ကိုယ်စီ ရရှိခဲ့ပြန်ပေမယ့် ၊ 75 မီးနစ် ကျော်လာတဲ့ အထိတော့ အသုံးချ နိုင်ခဲ့ခြင်း မရှိသေး ပါဘူး။

ပွဲပြီးဖို့ စက္ကန့်ပိုင်း အလိုအရောက်မှာတော့ လူးကပ် မော်ရာက စပါး အတွက် ဗိုလ်လုပွဲကို တက်ရောက်စေမယ့် သွင်းဂိုးကို ထပ်မံ သွင်းယူလိုက်ပါပြီ။ မနေ့ညက လီဗာပူး လုပ်ပြခဲ့သလို ၊ ဒီညမှာလဲ စပါးဟာ 3 ဂိုး ရှုံး အနေအထားကနေ ပြန်လည် တိုက်ပွဲဝင်ရင်း ၊ အနိုင်ယူ ပြသွားခဲ့တာ ဖြစ်ပါတယ်။

[ads_grace]

ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကတော့ All English Final ဖြစ်သွားခဲ့ပါပြီ။ စပါးဟာ သမိုင်းကြောင်း တစ်လျှောက် ပထမဆုံး အကြိမ် ဗိုလ်လုပွဲကို တက်ရောက် ခဲ့တာ ဖြစ်ပါတယ်။

ဂုဏ်ယူပါတယ် စပါးရေ……………………
Crd

 

 

ရန်ကုန်လေဆပ်တွင် လေယာဉ် သုံးပိုင်း ကျိုးမှု ဖြစ်ပွား

[ads_grace]

ရန်ကုန်လေဆပ်တွင် လေယာဉ် သုံးပိုင်း ကျိုးမှု ဖြစ်ပွား

ရန်ကုန်လေဆိပ်တွင် ဘင်္ဂလားဒေ့ရှ် လေယာဉ်တစ်စီး လမ်းချော်၊ လေယာဉ် ၃ ပိုင်းကျိုး၊ ပြေးလမ်းပိတ်ပြီး ခရီးသည်များ သောင်တင်

ရန်ကုန်၊ မေ ၈

[ads_grace]

 

ရန်ကုန်လေဆိပ်တွင် ဘင်္ဂလားဒေ့ရှ်လေကြောင်းလိုင်းမှ ခရီးသည် ၄၀ ဦးခန့်လိုက်ပါသော လေယာဉ်တစ်စီး လမ်းချော်ပြီး လေယာဉ်ပျက်စီးကာ လေယာဉ်မှူးထိခိုက်ဒဏ်ရာရရှိကြောင်း မဂ်လာဒုံမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်အမတ်ဦးထွန်းထွန်းဝင်းကပြောကြားသည်။

“လေယာဉ်လမ်းချော်တာလည်း ဟုတ်ပါတယ်။ ခရီးသည်က ၄၀ လောက်ပါတယ်ပြောတယ်။ လေယာဉ်မှူးတော့ ထိသွားတယ်” ဟု တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးထွန်းထွန်းဝင်းက ပြောသည်။

[ads_grace]

ရန်ကုန်မှ ဘန်ကောက်သို့ သွားရောက်မည့် ခရီးသည်တစ်ဦးကမူ လေယာဉ်ပြေးလမ်း တွင် လေယာဉ်တစ်စီး ဆိုးဝါးစွာ ပြေးလမ်းချော် ပျက်စီးနေသဖြင့် ခရီးသည်များအားလုံးကို လေယာဉ်ပေါ် ဆင်းခိုင်းကာ ခရီးစဉ် ရွှေ့ဆိုင်းဖျက်သိမ်းလိုက်ရကြောင်း ပြောဆိုသည်။

[ads_grace]

“လေယာဉ်ပေါ်တက်ပြီးမှ အကုန်ပြန်ဆင်းခိုင်းတာ။ ပြေးလမ်းပေါ်မှာ လေယာဉ်တစ်စီး လမ်းချော်ပြီး ပျက်စီးနေတယ်။ မနက်ဖြန် မနက်တောင် ပြေးလမ်းက ဖွင့်နိုင်ပါ့မလားမသိဘူး။ တော်တော်ဆိုးဆိုး ပျက်စီးသွားတာ လေယာဉ်က” ဟု ဘန်ကောက်သို့ သွားရောက်မည့် ခရီးသည်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

crd

★ မိန်းမမြတ်​ အင်္ဂါ(၉)ချက် လောကကြီးမှာ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ခွဲခြားသိမြင်နိုင်တဲ့ စွမ်းအင်ကို ပိုင်ဆိုင်တဲ့ လူဆိုတာ ရှားပါတယ်>>>>

[ads_aung]
_____________________________
လောကကြီးမှာ
အကောင်းအဆိုး ၊ အကြောင်းအကျိုးကို
ခွဲခြားသိမြင်နိုင်တဲ့ စွမ်းအင်ကို ပိုင်ဆိုင်တဲ့
လူဆိုတာ ရှားပါတယ်။
ရွှေလိုရှားပါးလွန်းပါတယ်။

မိန်းမတွေ မှိုလိုပေါတဲ့လောကကြီးမှာလည်း
မိန်းမမြတ်ဆိုတာ ဘယ်လိုမိန်းမမျိုးကို
မိန်းမမြတ်လို့ ခေါ်တာလဲဆိုတာ
သိမြင်နိုင်ဖို့ မိန်းမမြတ်အင်္ဂါ (၉)ပါးကို
ဖော်ပြလိုက်ပါတယ်။
_____________________________

(၁) ကိုယ့်အားကိုယ်ကိုးတတ်တယ်

မိန်းမမြတ်ဆိုတာ ကိုယ့်ဘဝကို ကိုယ်တိုင်
အကောင်အထည်ဖော်ပြီး အိပ်မက်တွေကို
အမိအရဆုပ်ကိုင်တတ်သူများ ဖြစ်ပါတယ်။
_____________________________

(၂) စိတ်ခံစားမှုကို ထိန်းချုပ်နိုင်တယ်

မိန်းမမြတ်ဆိုတာ လောကဓံရှစ်ပါးကို
ကြံ့ကြံ့ခံပြီး ဘဝပင်လယ်ထဲမှာ
အားမလျော့ဘဲ ဆက်လှော်နေသူများ
ဖြစ်ပါတယ်။ ကိုယ့်ခံစားချက်ကို အများသူငှာသိအောင် ပေါက်ကွဲနေမယ့်အစား
မိမိကိုယ်ကို ဖြေသိမ့်နိုင်သူများဖြစ်ပါတယ်။
____________________________

(၃) အတင်း မပြောဘူး

မိန်းမအများစုဟာ အတင်းပြောလေ့ရှိကြပေမယ့်
မိန်းမမြတ်တွေကတော့ အတင်းမပြောပါဘူး။

ဘာကြောင့်လဲဆိုတော့ သူတစ်ပါးမကောင်းကြောင်း အတင်းပြောတယ်ဆိုတာဟာ အချိန်ဖြုန်းခြင်းတစ်မျိုးလို့ ခံယူထားတဲ့အတွက် ဖြစ်ပါတယ်။
____________________________
[ads_aung]

(၄) ရိုးရှင်းစွာ အသက်ရှင်တယ်

ဆန့်ကျင်ဘက်လိင်တွေက
ကိုယ့်ကို စိတ်ဝင်စားတာကို မိန်းမအများစုခံချင်ကြပေမယ့် မိန်းမမြတ်တွေကတော့ ဘဝကို
ရိုးရှင်းစွာ ဖြတ်သန်းလိုကြပါတယ်။

သူတစ်ပါးစိတ်ဝင်စားအောင် တမင်လုပ်ကိုင်ခြင်း အမူအရာပြခြင်းတွေ လုံးဝမလုပ်ကြပါဘူး။
_____________________________

(၅) အိမ်ထောင်ဖက်အပေါ်မှာလည်း သစ္စာရှိတယ်

ဖောက်ပြန်တတ်တဲ့ မိန်းမတွေ အများကြီးရှိပေမယ့်
မိန်းမမြတ်တွေကတော့ ကိုယ့်ချစ်သူ ၊ ကိုယ့်ခင်ပွန်းအတွက် ရိုးမြေကျပေါင်းသင်းရအောင် အမြဲတမ်းသစ္စာစောင့်သိကြ
သူများဖြစ်ပါတယ်။ ကိုယ့်ကြင်ဖော်တစ်ယောက်
တည်းကိုသာ စွဲစွဲမြဲမြဲချစ်ပြီး
သစ္စာခိုင်မြဲရွှေလက်တွဲလိုကြပါတယ်။
_____________________________

(၆) ကိုယ်ပိုင်ဝါသနာ ၊ ခံယူချက်ရှိတယ်

မိန်းမမြတ်တွေဆိုတာ
ကိုယ်ပိုင်ဝါသနာကို လက်တွေ့ကြအောင် အကောင်အထည်ဖော်တတ်ကြပြီး
ကိုယ့်ဒဿနနှင့်ကိုယ်တိုင်
အသက်မွေးကြသူများဖြစ်ပါတယ်။
လောကကြီးအတွက် ရိုးရှင်းစွာဖြတ်သန်းကြပြီး ဆန်းပြားစွာ တွေးခေါ်ကြသူများဖြစ်ပါတယ်။
_____________________________

(၇) အသိတရား မြင့်မားတယ်

အသိတရားမြင့်မားတယ်ဆိုတာ ဘာသာရပ်တစ်ခုကို အလွယ်တကူတတ်မြောက်နိုင်တဲ့ အစွမ်းသတ္တိဖြစ်တဲ့
ဥာဏ်ကောင်းခြင်းကို ဆိုလိုတာမဟုတ်ပါဘူး။
မိန်းမမြတ်ဆိုတာ အကြောင်းအကျိုး ၊
အကောင်းအဆိုးကို ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်တဲ့ အသိတရားမျိုး
ပိုင်ဆိုင်ထားကြပါတယ်။
_____________________________
[ads_aung]
(၈) မျက်နှာထား ချိုသာတယ်

ပြုံးရွှင်နေတဲ့ မျက်နှာထားဟာ မြင်ရသူအပေါင်းကို
စိတ်ကြည်နူးစေပါတယ်။

မိန်းမမြတ်တွေဟာ သူတို့ရဲ့မျက်နှာအနေအထားဟာလည်း
ကြည်လင်ချိုသာပါတယ်။ စူပုတ်နေတဲ့ မျက်နှာထားကို ဘယ်တော့မှ
ဖော်ပြလေ့မရှိဘဲ အမြဲတမ်း
ပြုံးရွှင်နေလေ့ရှိပါတယ်။
_____________________________

(၉) ဆက်ဆံရေး ကောင်းမွန်ကြပါတယ်။

မိန်းမမြတ်တွေဆိုတာ လူတိုင်းနှင့်အလိုက်သင့်
ပေါင်းသင်းတတ်ပါတယ်။

လူမုန်းမများစေဘဲ လူတိုင်းနှင့်တည့်အောင် ပေါင်းသင်းတတ်တဲ့ အသိတရားလည်း လက်ကိုင်ထားတဲ့အတွက်
ဆက်ဆံရေးပါရဂူများဖြစ်ပြန်ပါတယ်
#crd

ပါးနပ်တဲ့ ထောင့်ကန်ဘော အကြောင်း ဖွင့်ဟလိုက်တဲ့ လီဗာပူး ဟီးရိုးလေး #အာနိုး

[ads_nandar]

[ads_nandar]

ပရီးမီးယား လိဂ် ထိပ်သီး လီဗာပူး အသင်း ကတော့ ဒီနေ့ နံနက် ချန်ပီယံ လိဂ် ဆီမီး ဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ် အဖြစ် စပိန် ဘီလူး ကြီး ဘာစီလိုနာ အသင်း ကို အန်ဖီးလ် မှာ ရင်ဆိုင် ကစား ခဲ့ ရပြီး 4 – 0 ဆိုတဲ့ ရလဒ် နဲ့ အံ့အား သင့်ဖွယ် ဂိုးပြတ် အနိုင် ရယူ နိုင်ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ လီဗာပူး အသင်း ရဲ့ အဓိက တိုက်စစ် ကစားသမား တွေ ဖြစ်ကြ တဲ့ ဆာလာ နဲ့ ဖာမီနို တို့ဟာ ဒဏ်ရာ ကြောင့် မပါဝင် နိုင်ခဲ့ ကြပဲ အဆိုပါ နေရာ မှာ အရံ ကစား သမား တွေ ဖြစ်ကြ တဲ့ အိုရီဂီ နဲ့ ရှာကွီရီ တို့ ပါဝင် ခဲ့ကြ ပါတယ် ။
[ads_nandar]

ပွဲစဉ် ကို စတင် အပြောင်း အလဲ ပေးလိုက် တာ ကတော့ တိုက်စစ် မှူး အိုရီဂီ ရဲ့ ပွဲချိန် အစ 7 မိနစ် က သွင်းဂိုး ပဲ ဖြစ်ခဲ့ ပါတယ် ။ ထို့အတူ လီဗာပူး တို့ စိတ်ဓါတ် တက်ကြွစွာ ပဲ ဆက်လက် ယှဉ်ပြိုင် သွားခဲ့ ကြပြီး ပထမပိုင်း ဟာ 1 – 0 ဆိုတဲ့ ရလဒ် နဲ့ ပြီးဆုံး သွားခဲ့ ရ ပါတယ် ။


[ads_nandar]

အဲ့ဒီ နောက် ဒုတိယ ပိုင်း ပွဲချိန် အစ မှာ အားထား ရတဲ့ ဘယ် နောက်ခံလူ အန်ဒီ ရောဘတ်ဆန် ဒဏ်ရာ ရရှိ သွား ခဲ့တဲ့ အတွက် လီဗာပူး အသင်း ရဲ့ လုပ်အား တွေ ကျဆင်း သွား လိမ့်မယ် လို့ ထင်မှတ် ခံခဲ့ ရ ပေမဲ့ လူစားဝင် ကစား ပေး ခဲ့တဲ့ ဝိုင်နယ်ဒမ် က ပွဲချိန် 54′ ၊ 56′ မိနစ် တွေမှာ ဂိုး သွင်းယူ ရင်း ဟီးရိုး ဖြစ်သွား ခဲ့ ပါတယ် ။

အဲ့ဒီ နောက် ပွဲ ရလဒ် ကို ကြီးမား တဲ့ အလှည့် အပြောင်း လုပ်ပေး သွားခဲ့ တာက လီဗာပူး အသင်း ရဲ့ ညာ နောက်ခံလူ အာနိုး နဲ့ သူ့ရဲ့ လိမ္မာ ပါးနပ် မှု ၊ အကွက် မြင်မှု ၊ အခွင့် အရေး ရယူ နိုင်မှု နဲ့ တိကျ တဲ့ ဘောလုံး ပေးပို့ မှုတွေ ပါပဲ ။

အာနိုး ဟာ ပွဲချိန် 79 မိနစ် မှာ ရရှိ ခဲ့တဲ့ ထောင့်ကန်ဘော ကို ပြိုင်ဖက် အသင်း သားတွေ နေရာ ယူဖို့ ပြင်ဆင် နေ ကြတဲ့ အချိန် ၊ ဘယ်သူ မှ ထင်မှတ် မထား တဲ့ အချိန် အသင်း ဖော် အိုရီဂီ ဆီ ရုတ်တရက် ပေးပို့ လိုက်ခဲ့ ပြီး အိုရီဂီ မှ အမှားအယွင်း မရှိ အနိုင်ဂိုး အဖြစ် ပြောင်းလဲ သွား ခဲ့တာ ပဲ ဖြစ် ပါတယ် ။
[ads_nandar]

အခုတော့ အဆိုပါ သွင်းဂိုး နဲ့ အတူ လီဗာပူး ဟာ ချန်ပီယံ လိဂ် ဖိုင်နယ် အဆင့် ကို တက်ရောက် သွားနိုင် ခဲ့ ပါပြီ ။ ပွဲစဉ် အပြီး သတင်းစာ ရှင်းလင်း ပွဲ မှာတော့ အာနိုး က အဆိုပါ ဂိုး ဖန်တီး မှုနဲ့ ပတ်သက် ပြီး …

” ဒါဟာ သဘာဝ ကျကျ ဖြစ်ပေါ် လာခဲ့ တာပါ ။ ဒါဟာ ကျွန်တော် တို့ အခွင့်အရေး ကို မြင်တွေ့ လိုက်တဲ့ အခိုက်အတန့် တွေ ထဲက တစ်ခု ဖြစ်ခဲ့ ရ ပါတယ် ။ ဒီဗို့ခ် ဟာ အဆင်သင့် ရှိနေ ခဲ့ပြီး အဆုံးသတ် ပစ်နိုင် ခဲ့ ပါတယ် ”
[ads_nandar]

” ဒီ ဘောလုံး ဟာ သူ့ဆီ အနည်းငယ် မြန်ဆန် ပြီး ရောက်ရှိ သွားတာ ဖြစ်ကောင်း ဖြစ်နိုင် ပါတယ် ။ ဒါပေမဲ့ သူဟာ ထိပ်တန်း ကစားသမား တစ်ဦး ပဲလေ ။ သူဟာ ကျွန်တော် တို့ အသင်း အတွက် နှစ်ဂိုး သွင်းယူ ပေးနိုင် ခဲ့ ပါတယ် ။ လူတိုင်း က ဒီ အခိုက်အတန့် ကို အမှတ်ရ နေကြ တော့မှာ ပါ ” လို့ အာနိုး က ဖွင့်ဟ သွားခဲ့ လိုက် ပါတယ် ။

 

အဆိုပါ ထောင့်ကန်ဘော နဲ့ ပတ်သက် ပြီး မိုက်ကယ် အိုဝင် က ‘ အခွင့်အရေး အသုံးချ နိုင်မှု ‘ လို့ အမည် ပေးခဲ့ ပြီး ဂယ်ရီ လိုင်နီကာ ကတော့ ‘ အလွတ် တည်ကန်ဘော က တစ်ဆင့် အခုလို အဆုံးသတ် ပစ်တာ ဟာ ရူးသွပ် ဖွယ် ကောင်းလှ ပါတယ် ‘ လို့ မှတ်ချက် ပေးသွား ခဲ့လိုက် ပါတယ် ။

ယူနိုက်တက် ဂန္ဓဝင် ဖာဒီနန် ကတော့ ဘာစီလိုနာ အသင်း ရဲ့ စိတ်ပျက် ဖွယ် ခံစစ် ကြောင်း ကို အပြစ်တင် ဝေဖန် သွားခဲ့ လိုက် ပါတယ် ။

” သူတို့ တွေဟာ အိပ်ပျော် နေခဲ့ ပုံ ပါပဲ ။ ဒါဟာ တစ်ကယ့် ကို ကလေးကလား ဆန်တဲ့ အမှား တစ်ခု ပါ ။ ဘောလုံး အောက် သွားပြီ ဆိုတာ နဲ့ တစ်ပြိုင်နက် ထောင့်ကန် ဘော အတွက် အသင့် ရှိနေ ဖို့ သူတို့ ပြင်ဆင် ထားခဲ့ ရမှာပါ ” လို့ ခံစစ် ကစားသမားဟောင်း တစ်ဦး အနေ နဲ့ ဝေဖန် သုံးသပ် သွားခဲ့ ပါတယ် ။
[ads_nandar]

crd (sport Myanmar)

သင့် အသက်20ကျော်ပြီဆိုရင် မဖြစ်မနေဖတ်ကြည့်ထားရမယ့်စာအုပ်(10)အုပ်

[ads_grace]

နှလုံးသား ရင့်ကျက်ဖို့

စိတ်ဓာတ်ခွန်အား မြင့်မားဖို့

အနာဂတ် ဘဝတိုးတက်အောင်မြင်ဖို့

1 ဘဝနေနည်းအနုပညာ မြသန်းတင့်

2 ဂရုမစိုက်ခြင်းအနုပညာ ချမ်းမြေ့ဝင်း

3 ၂၁ရာစုသားရွှေဥ ကျော်ဝင်း

4 သစ်စေ့၇စေ့ ရဲ့လျိုဝှက်ချက် ဖြိုးဝေ (မဟာဝိဇ္ဇာ)

5 မိတ္တဗလဋီကာဦးနု

6 သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့ မိုးရှင်း(I.M.T)

[ads_grace]

7 သင့်ဘဝတွက်တာအသုံးချစိတ်ပညာ Dr.ကျော်စိန်

8 သူတို့ဘာကြောင့်ကမ္ဘာကျော်တာလဲ ဗန်းမော်သိန်းဖေ

9 ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း နန္ဒာသိန်းဇံ

10 ကျော်စွာ၁၀၀ ဒေါက်တာသန်းထွန်း

crd original uploaders

မြန်မာလူမျိုးတွေ စေတနာကောင်းတယ်။ ဒါပေမယ့် ဘာလို့ အများစု ဆင်းရဲနေကြသလဲ???

[ads_grace]

မြန်မာလူမျိုးတွေ စေတနာကောင်းတယ်။ ဒါပေမယ့် ဘာလို့ အများစု ဆင်းရဲနေကြသလဲ???

ကောင်းလိုက်တဲ့ မေးခွန်း။ ဒါကို ပညာရှင် တစ်ယောက်က ဒီလို ဖြေသွားပါတယ်။

(၁) မြန်မာအများစုက (TEAM WORK) အားနည်းတယ်။ မညီညွတ် ဘူး။

(၂) ဘေးကနေ သွေးခွဲရ လွယ်တယ်။

(၃) မနာလိုစိတ် များတယ်။

(၄) အချင်းချင်း ထဲ ကိုယ့်ထက် သာသွားမှာ မလိုလားဘူး။ သာရင် လည်း မနာလိုဘူး။

(၅) သူများကို ချီးကျူးရင် မကြိုက်ဘူး။ ကိုယ့်တစ်ယောက်တည်းကိုပဲ ချီးကျူး စေချင်တယ်။

(၆) မုဒိတာ မပွါးနိုင်ဘူး။

(၇) ကြိုးစားရမယ့် နေရာတွေမှာ တက်တက်ကြွကြွ မရှိဘူး။

(၈) သူများမလုပ်ရင် မလုပ်ချင်ဘူး။

(၉) အချောင်ခို ချင်တယ်။

(၁၀) ပိုက်ဆံရရင် အဖြုန်းများတယ်။ ဘာဝယ်ရင် ကောင်းမလဲ စဉ်းစားတယ်။

[ads_grace]

(၁၁) ကိုယ်နဲ့ အသုံးတည့်တည့် မတည့်တည့် သူများ ဝယ်ရင် လိုက်ဝယ် ချင်တယ်။

(၁၂) စီးပွားရေးလုပ်ရမှာ ကြောက်တယ်။

(၁၃) ရေရှည် အကျိုးစီးပွါးကို မမျှော်ကိုးတတ်ဘူး။

(၁၄) ပုံမှန်သေချာရတဲ့ ငွေကို ပိုမက်တယ်။ ဝန်ထမ်း ပိုလုပ်ချင်တယ်။

(၁၅) အတွေးအခေါ်ပိုင်းမှာ တီထွင် ကြံဆမှု နည်းတယ်။

(၁၆) မိရိုးဖလာ အတွေးအခေါ်ကို မပယ်နိုင်ဘူး။

(၁၇) အများ လုပ်တာပဲ စောင့်ပြီး တစ်နိုင်ငံလုံး ဝိုင်းလုပ် တတ်တယ်။ ဒါကြောင့် ရေရှည်မခံဘူး။

(၁၈) ပြောင်းလဲနေတဲ့ ခေတ်ကို လိုက်နိုင်ဖို့ လိုအပ်တဲ့ ပညာရေးမှာ အားနည်းတယ်။

(၁၉) ဗဟုသုတ လေ့လာဖို့ အားနည်းတယ်။ စိတ်မ၀င်စားဘူး။

(၂၀) ဝေဖန်တာကို အားသန်ပြီး လက်တွေ့ကျကျ ဆောင်ရွက်မှု အားနည်းတယ်။

(၂၁) အကြံပြုတာ ကောင်းပြီး တကယ့် စီမံခန့်ခွဲဖို့ကျ ညံ့တယ်။

(၂၂) ပုတ်ခတ်တာကို မတရား ကြိုက်တယ်။

(၂၃) ကိုယ်ကျရှုံးတိုင်း သူများလည်း ကျရှုံးရမယ်ဆိုတဲ့ အမြင် ရှိတယ်။

(၂၄) ရှုံးပြီး ပြန်ထဖို့ ပျင်းတယ်။

(၂၅)မအောင်မြင် ရင် ကံကို ပုံချတယ်။

(၂၆) ကိုယ်ကြုံဖူးတဲ့ အတွေ့အကြုံ တစ်ခုတည်းနဲ့ အရာ တော်တော် များများ ကို တစ်ဖက်သတ် သုံးသပ်တယ်။

(၂၇) ကိုယ်နဲ့ အမြင်မတူရင် အားမပေးဘဲ မတရား ရှုံ့ချတယ်။

(၂၈) ဘုရား ရှိခိုး တိုင်း ချမ်းသာရပါလို၏ ဆုတောင်းပြီး အခွင့်အလမ်း လာရင် အခွင့်အလမ်း မှန်းသိအောင် မလေ့လာဘဲ ကျော်သွားတယ်။

[ads_grace]

(၂၉) ပြီးတော့ ပုံမှန် ဘဝ ထဲမှာ ခပ်ပျော်ပျော် နေတယ်။

(၃၀) ကိုယ့်အကြောင်း ထက် သူများအကြောင်းကို ပိုပြီး စိတ်ဝင်စားတယ်။

(၃၁) လေကန်ပြီး အချိန်ဖြုန်းတာ များတယ်။

(၃၂) ပိုဆိုးတာက ပိုက်ဆံတော့ ရှိပါရဲ့။ တိုးပွါးအောင် လုပ် ဖို့ စိတ်ကူး နည်းတယ်။

(၃၃) ပိုက်ဆံကို ကျစ်ကျစ် ပါအောင် ဆုပ်ထားတယ်။ အကျိုး ရှိအောင် မရင်းနှီးတတ်ဘူး။

(၃၄) ဘ၀မှာ ပိုက်ဆံတစ်ခုပဲ ရှိအောင် လုပ် တယ်။

(၃၅) အောင်မြင် ကျော်ကြားဖို့၊ အများအတွက် ဆောင်ရွက်ဖို့ စိတ် မဝင်စားဘူး။

(၃၆) ကိုယ်သိတာကို သိသလို အသုံးမချတတ်ဘူး။
i
(၃၇) ပညာရှင် တွေကလည်း ကိုယ့်ပညာကို မျှဝေမပေးချင်ဘူး။ လူတော်တွေ ပေါ်ထွက် လာအောင် မမွေးမြူချင်ဘူး။

“အဲဒါတွေက ဆင်းရဲစေတာပါပဲ”

ကဲ မှန်နေသလားလို့…….။

[ads_grace]

crd

Amazing women all around the world

[ads_grace]

10. Jocelyn Wildenstein (Plastic Surgery Fail)

9. Big Beshine (Woman With largest Breasts)

[ads_grace]

8. Julia Gnuse (Most Tattooed Woman On Earth)

[ads_grace]

7. Kim Goodman (Women Who Can Pop Out Eyes)

6. Elisany da Cruz Silva (World’s Tallest Woman)

  [ads_grace]

5. Jyoti Amge (World’s Shortest Woman)

4. Asha Mandela (Woman With Longest Hairs)

3. Christine Walton (Woman With Longest Nails)

[ads_grace]

2. Valeria Lukyanova (A Real Life Barbie)

1. Maria Jose Cristerna (Vampire Woman)

[ads_grace]

Liverpool claims that the historic Champions League beat Barcelona with an incredible 4 goal comeback

 

The Liverpool team performed best in a series of famous comebacks that entered the UEFA Champions League final this morning, defeating Lionel Messi’s Barcelona 4-0 at Anfield to overturn the first round of three-ball turnovers.

Divock Origi will be added within 2 days by June 1st, replacing it on both sides of Georginio Wijnaldum in the second half.

After the Panathinaikos in the 1970-71 season and Barcelona in the 1985-86 season, the team scored three goals in the first leg of the semi-final, which is the third time in the history of the European Cup. The team did this in the Champions League era.


[ads_aung]
This return is even more unlikely given the absence of Liverpool’s two front lines, Muhammad Salah and Roberto Fermino.

Instead, it made Origi the fourth important goal in the 79th minute – making the impossible possible. In addition, Trent Alexander – Arnold needs a lot of intelligence, seems to leave the corner and quickly spin to send low pass before Barcelona players fall into the doldrums. Origi finally disappeared


[ads_aung]
Given that the team is a different team, the biggest football player in Messi’s history, this may be Liverpool’s biggest performance in Europe, and in the 2005 Champions League final against AC Milan’s three goals in the resurrection comparable of

In the UEFA Europa League semi-finals, Saint Etienne lost 3-1 in the 1977 European Cup and beat Dortmund 4-3 in Dortmund 2-0.

For Barcelona, they scored 3 goals in the semifinals of 2018, beat Roma 4-1 at home, defeated 3-0 and lead in 3 goals

Liverpool’s Belgian striker di Bock Origi (L) scored on the match between Liverpool and Barcelona on May 7, 2019, UEFA Champions League semifinal round 2 at the Anfield in Liverpool, NW England
[ads_aung]
Liverpool’s Dutch midfielder Georginio Wijnaldum (L) scored 3 goals in the second round of the second round of the UEFA Champions League quarter-finals in Liverpool, England, on May 7, 2019.


[ads_aung]
On May 7, 2019, Barcelona’s Uruguay striker Luis Suarez competed with Liverpool Dutch defender Vigil Van Dyck in the second round of the UEFA Champions League semi-finals at Anfield in Liverpool, England.

အမေရိကန်၊ ဆွစ်ဇာလန် ပညာရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ Myanmar Strategic Holdings က နိုင်ငံတကာကျောင်းဖွင့်မည်

အမေရိကန်၊ ဆွစ်ဇာ လန်ပညာရေးအဖွဲ့အစည်းများ နှင့် Myanmar Strategic Holdings (MSH)ကုမ္ပဏီတို့ပူးပေါင်း ကာ Yangon American International School ကို ယခုလအ တွင်းဖွင့်လှစ်မည်ဟု MSH က မေ လ ၆ ရက်တွင် သတင်းထုတ်ပြန် သည်။

Yangon American International School (Yangon American)ကို မူလတန်းမှ အ ထက်တန်းအထိ သင်ကြားနိုင် သည့် နိုင်ငံတကာကျောင်းအဖြစ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မ ရှင်က ခွင့်ပြုထားပြီး မေလက စကာ အသက်(၂)နှစ်မှ (၈)နှစ် အရွယ်ကလေးများအတွက် ကျောင်းစဖွင့်မည်ဟု MSH က ကြေညာသည်။

ရန်ကုန်-အင်းစိန်လမ်းမ ပေါ် (သဇင်လမ်းအနီး)လှိုင်မြို့ နယ်တွင် Yangon American International School ကိုဖွင့်လှစ် မည်ဖြစ်ပြီး စာသင်ခန်းတိုင်း၌ သင်ကြားရေးအထောက်အကူပြု Smart Board နှင့် Tablet များ ထားရှိခြင်း၊ အားကစားလှုပ်ရှားမှု မျိုးစုံပြုလုပ်နိုင်သော အားကစား ခန်းမ၊ အသက်အရွယ်အလိုက် သင့်လျော်မှုရှိသည့် ကစားကွင်း များ၊ ဘက်စုံသုံးခန်းမကျယ်တစ် ခု၊ စာကြည့်တိုက်နှင့် သင်ကြား ရေးအထောက်အကူပြုစင်တာ တစ်ခုတို့ ထားရှိမည်ဟုကြေညာ ထားသည်။

[ads_grace]

မူလတန်းကြိုနှစ်များ (အ သက်(၂)နှစ်မှ (၅)နှစ်အထိ)၊ မူ လတန်းနှစ်များ (အသက်(၅)နှစ်မှ (၁၁)နှစ်အထိ)၊ မူလတန်းလွန်နှစ် များ (အသက်(၁၁)နှစ်မှ (၁၈)နှစ် အထိ)အတွက် အမေရိကန်၊ ဆွစ်ဇာလန်ပညာရေးအဖွဲ့အ စည်းများဖြစ်သည့် Western Association of Schools and Colleges နှင့် International Baccalaureate တို့မှ သင်ရိုးညွှန်း တမ်းများဖြင့် သင်ကြားမည်ဖြစ်ပြီး ကျောင်းစဖွင့်ချိန်တွင် (၂)နှစ်မှ (၈)နှစ်အရွယ် ကလေးများအ တွက်သာ ကျောင်းအပ်လက်ခံ မည်ဟု MSH က သတင်းထုတ် ပြန်သည်။

MSH ၏ ပထမဆုံးနိုင်ငံတ ကာကျောင်းကို ကန်ဒေါ်လာတစ် သန်း အကုန်အကျခံတည် ဆောက်မည်ဟု Yangon American International School တည်ထောင်မည့်စီမံချက်တွင် ဖော်ပြထားသည်။

‘‘မြန်မာနိုင်ငံသားတွေရဲ့ ပို ကောင်းတဲ့အနာဂတ်အတွက် နိုင် ငံတကာအဆင့်မီတဲ့ပညာရေးကို ပေးဖို့ကျောင်းကို ဖွင့်တာပါ။ ရန် ကုန်မှာ ပထမဆုံးကျောင်းဖွင့်ပြီး မန္တလေး၊ နေပြည်တော်လိုအထင် ကရမြို့တွေမှာ ကျောင်းတွေဆက် ဖွင့်ဖို့ရှိပါတယ်’’ ဟု MSH ၏ မိတ် ဖက် Jonathan Kolb က ပြော ကြားထားသည်။

လက်ရှိတွင် MSH သည် မြန်မာနိုင်ငံတစ်ဝန်း၌Wall Street English သင်တန်းကျောင်း ၁၀ ခု ဖွင့်လှစ်ထားပြီး Auston College Myanmar ပုဂ္ဂလိကကျောင်းအ တွက် Auston Institute of Management နှင့် အကျိုးတူပူး ပေါင်းနေသည်။

crd