မြန်မာ သတင်း စုံ

ပါးနပ်တဲ့ ထောင့်ကန်ဘော အကြောင်း ဖွင့်ဟလိုက်တဲ့ လီဗာပူး ဟီးရိုးလေး #အာနိုး

[ads_nandar]

[ads_nandar]

ပရီးမီးယား လိဂ် ထိပ်သီး လီဗာပူး အသင်း ကတော့ ဒီနေ့ နံနက် ချန်ပီယံ လိဂ် ဆီမီး ဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ် အဖြစ် စပိန် ဘီလူး ကြီး ဘာစီလိုနာ အသင်း ကို အန်ဖီးလ် မှာ ရင်ဆိုင် ကစား ခဲ့ ရပြီး 4 – 0 ဆိုတဲ့ ရလဒ် နဲ့ အံ့အား သင့်ဖွယ် ဂိုးပြတ် အနိုင် ရယူ နိုင်ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ လီဗာပူး အသင်း ရဲ့ အဓိက တိုက်စစ် ကစားသမား တွေ ဖြစ်ကြ တဲ့ ဆာလာ နဲ့ ဖာမီနို တို့ဟာ ဒဏ်ရာ ကြောင့် မပါဝင် နိုင်ခဲ့ ကြပဲ အဆိုပါ နေရာ မှာ အရံ ကစား သမား တွေ ဖြစ်ကြ တဲ့ အိုရီဂီ နဲ့ ရှာကွီရီ တို့ ပါဝင် ခဲ့ကြ ပါတယ် ။
[ads_nandar]

ပွဲစဉ် ကို စတင် အပြောင်း အလဲ ပေးလိုက် တာ ကတော့ တိုက်စစ် မှူး အိုရီဂီ ရဲ့ ပွဲချိန် အစ 7 မိနစ် က သွင်းဂိုး ပဲ ဖြစ်ခဲ့ ပါတယ် ။ ထို့အတူ လီဗာပူး တို့ စိတ်ဓါတ် တက်ကြွစွာ ပဲ ဆက်လက် ယှဉ်ပြိုင် သွားခဲ့ ကြပြီး ပထမပိုင်း ဟာ 1 – 0 ဆိုတဲ့ ရလဒ် နဲ့ ပြီးဆုံး သွားခဲ့ ရ ပါတယ် ။


[ads_nandar]

အဲ့ဒီ နောက် ဒုတိယ ပိုင်း ပွဲချိန် အစ မှာ အားထား ရတဲ့ ဘယ် နောက်ခံလူ အန်ဒီ ရောဘတ်ဆန် ဒဏ်ရာ ရရှိ သွား ခဲ့တဲ့ အတွက် လီဗာပူး အသင်း ရဲ့ လုပ်အား တွေ ကျဆင်း သွား လိမ့်မယ် လို့ ထင်မှတ် ခံခဲ့ ရ ပေမဲ့ လူစားဝင် ကစား ပေး ခဲ့တဲ့ ဝိုင်နယ်ဒမ် က ပွဲချိန် 54′ ၊ 56′ မိနစ် တွေမှာ ဂိုး သွင်းယူ ရင်း ဟီးရိုး ဖြစ်သွား ခဲ့ ပါတယ် ။

အဲ့ဒီ နောက် ပွဲ ရလဒ် ကို ကြီးမား တဲ့ အလှည့် အပြောင်း လုပ်ပေး သွားခဲ့ တာက လီဗာပူး အသင်း ရဲ့ ညာ နောက်ခံလူ အာနိုး နဲ့ သူ့ရဲ့ လိမ္မာ ပါးနပ် မှု ၊ အကွက် မြင်မှု ၊ အခွင့် အရေး ရယူ နိုင်မှု နဲ့ တိကျ တဲ့ ဘောလုံး ပေးပို့ မှုတွေ ပါပဲ ။

အာနိုး ဟာ ပွဲချိန် 79 မိနစ် မှာ ရရှိ ခဲ့တဲ့ ထောင့်ကန်ဘော ကို ပြိုင်ဖက် အသင်း သားတွေ နေရာ ယူဖို့ ပြင်ဆင် နေ ကြတဲ့ အချိန် ၊ ဘယ်သူ မှ ထင်မှတ် မထား တဲ့ အချိန် အသင်း ဖော် အိုရီဂီ ဆီ ရုတ်တရက် ပေးပို့ လိုက်ခဲ့ ပြီး အိုရီဂီ မှ အမှားအယွင်း မရှိ အနိုင်ဂိုး အဖြစ် ပြောင်းလဲ သွား ခဲ့တာ ပဲ ဖြစ် ပါတယ် ။
[ads_nandar]

အခုတော့ အဆိုပါ သွင်းဂိုး နဲ့ အတူ လီဗာပူး ဟာ ချန်ပီယံ လိဂ် ဖိုင်နယ် အဆင့် ကို တက်ရောက် သွားနိုင် ခဲ့ ပါပြီ ။ ပွဲစဉ် အပြီး သတင်းစာ ရှင်းလင်း ပွဲ မှာတော့ အာနိုး က အဆိုပါ ဂိုး ဖန်တီး မှုနဲ့ ပတ်သက် ပြီး …

” ဒါဟာ သဘာဝ ကျကျ ဖြစ်ပေါ် လာခဲ့ တာပါ ။ ဒါဟာ ကျွန်တော် တို့ အခွင့်အရေး ကို မြင်တွေ့ လိုက်တဲ့ အခိုက်အတန့် တွေ ထဲက တစ်ခု ဖြစ်ခဲ့ ရ ပါတယ် ။ ဒီဗို့ခ် ဟာ အဆင်သင့် ရှိနေ ခဲ့ပြီး အဆုံးသတ် ပစ်နိုင် ခဲ့ ပါတယ် ”
[ads_nandar]

” ဒီ ဘောလုံး ဟာ သူ့ဆီ အနည်းငယ် မြန်ဆန် ပြီး ရောက်ရှိ သွားတာ ဖြစ်ကောင်း ဖြစ်နိုင် ပါတယ် ။ ဒါပေမဲ့ သူဟာ ထိပ်တန်း ကစားသမား တစ်ဦး ပဲလေ ။ သူဟာ ကျွန်တော် တို့ အသင်း အတွက် နှစ်ဂိုး သွင်းယူ ပေးနိုင် ခဲ့ ပါတယ် ။ လူတိုင်း က ဒီ အခိုက်အတန့် ကို အမှတ်ရ နေကြ တော့မှာ ပါ ” လို့ အာနိုး က ဖွင့်ဟ သွားခဲ့ လိုက် ပါတယ် ။

 

အဆိုပါ ထောင့်ကန်ဘော နဲ့ ပတ်သက် ပြီး မိုက်ကယ် အိုဝင် က ‘ အခွင့်အရေး အသုံးချ နိုင်မှု ‘ လို့ အမည် ပေးခဲ့ ပြီး ဂယ်ရီ လိုင်နီကာ ကတော့ ‘ အလွတ် တည်ကန်ဘော က တစ်ဆင့် အခုလို အဆုံးသတ် ပစ်တာ ဟာ ရူးသွပ် ဖွယ် ကောင်းလှ ပါတယ် ‘ လို့ မှတ်ချက် ပေးသွား ခဲ့လိုက် ပါတယ် ။

ယူနိုက်တက် ဂန္ဓဝင် ဖာဒီနန် ကတော့ ဘာစီလိုနာ အသင်း ရဲ့ စိတ်ပျက် ဖွယ် ခံစစ် ကြောင်း ကို အပြစ်တင် ဝေဖန် သွားခဲ့ လိုက် ပါတယ် ။

” သူတို့ တွေဟာ အိပ်ပျော် နေခဲ့ ပုံ ပါပဲ ။ ဒါဟာ တစ်ကယ့် ကို ကလေးကလား ဆန်တဲ့ အမှား တစ်ခု ပါ ။ ဘောလုံး အောက် သွားပြီ ဆိုတာ နဲ့ တစ်ပြိုင်နက် ထောင့်ကန် ဘော အတွက် အသင့် ရှိနေ ဖို့ သူတို့ ပြင်ဆင် ထားခဲ့ ရမှာပါ ” လို့ ခံစစ် ကစားသမားဟောင်း တစ်ဦး အနေ နဲ့ ဝေဖန် သုံးသပ် သွားခဲ့ ပါတယ် ။
[ads_nandar]

crd (sport Myanmar)