မြန်မာ သတင်း စုံ

ရန်ကုန်လေဆပ်တွင် လေယာဉ် သုံးပိုင်း ကျိုးမှု ဖြစ်ပွား

[ads_grace]

ရန်ကုန်လေဆပ်တွင် လေယာဉ် သုံးပိုင်း ကျိုးမှု ဖြစ်ပွား

ရန်ကုန်လေဆိပ်တွင် ဘင်္ဂလားဒေ့ရှ် လေယာဉ်တစ်စီး လမ်းချော်၊ လေယာဉ် ၃ ပိုင်းကျိုး၊ ပြေးလမ်းပိတ်ပြီး ခရီးသည်များ သောင်တင်

ရန်ကုန်၊ မေ ၈

[ads_grace]

 

ရန်ကုန်လေဆိပ်တွင် ဘင်္ဂလားဒေ့ရှ်လေကြောင်းလိုင်းမှ ခရီးသည် ၄၀ ဦးခန့်လိုက်ပါသော လေယာဉ်တစ်စီး လမ်းချော်ပြီး လေယာဉ်ပျက်စီးကာ လေယာဉ်မှူးထိခိုက်ဒဏ်ရာရရှိကြောင်း မဂ်လာဒုံမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်အမတ်ဦးထွန်းထွန်းဝင်းကပြောကြားသည်။

“လေယာဉ်လမ်းချော်တာလည်း ဟုတ်ပါတယ်။ ခရီးသည်က ၄၀ လောက်ပါတယ်ပြောတယ်။ လေယာဉ်မှူးတော့ ထိသွားတယ်” ဟု တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးထွန်းထွန်းဝင်းက ပြောသည်။

[ads_grace]

ရန်ကုန်မှ ဘန်ကောက်သို့ သွားရောက်မည့် ခရီးသည်တစ်ဦးကမူ လေယာဉ်ပြေးလမ်း တွင် လေယာဉ်တစ်စီး ဆိုးဝါးစွာ ပြေးလမ်းချော် ပျက်စီးနေသဖြင့် ခရီးသည်များအားလုံးကို လေယာဉ်ပေါ် ဆင်းခိုင်းကာ ခရီးစဉ် ရွှေ့ဆိုင်းဖျက်သိမ်းလိုက်ရကြောင်း ပြောဆိုသည်။

[ads_grace]

“လေယာဉ်ပေါ်တက်ပြီးမှ အကုန်ပြန်ဆင်းခိုင်းတာ။ ပြေးလမ်းပေါ်မှာ လေယာဉ်တစ်စီး လမ်းချော်ပြီး ပျက်စီးနေတယ်။ မနက်ဖြန် မနက်တောင် ပြေးလမ်းက ဖွင့်နိုင်ပါ့မလားမသိဘူး။ တော်တော်ဆိုးဆိုး ပျက်စီးသွားတာ လေယာဉ်က” ဟု ဘန်ကောက်သို့ သွားရောက်မည့် ခရီးသည်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

crd