မြန်မာ သတင်း စုံ

လူးကပ် မော်ရာ ရဲ့ ဟတ်ထရစ် နဲ့ သမိုင်းကြောင်း တစ်လျှောက် ပထမဆုံး ဗိုလ်လုပွဲကို တက်ရောက် ခဲ့တဲ့ စပါး

[ads_grace]

အေဂျက် ကစားသမား စာရင်း
********************
ဂိုး – အိုနာနာ
နောက်တန်း – မာဇာရူအီ ၊ ဒီလစ် ၊ ဘလင်း ၊ တက်ဂလီယာဖီကို
အလယ်တန်း – ရှုန်း ၊ ဘန်ဒီဘိခ် ၊ ဒီဂျောင်
ရှေ့တန်း – ဒေါလ်ဘာ့ ၊ တာဒစ် ၊ ဇီယက်

စပါး ကစားသမား စာရင်း
******************

ဂိုး – လိုရစ်
နောက်တန်း – ထရစ်ပီယာ ၊ အယ်ဒါဝီရယ် ၊ ဗာတွန်ဂမ် ၊ ရို့စ်
အလယ်တန်း – ဆစ်ဆိုခို ၊ ၀မ်ယာမာ ၊ အလီ ၊ အဲရစ်ဆင်
ရှေ့တန်း – မော်ရာ ၊ ဆွန်

[ads_grace]

Goal!!
ပွဲစတာနဲ့ အေဂျက်ဟာ အိမ်ရှင်ပီပီ တိုက်စစ်ကို ရဲရဲတင်းတင်း တိုက်စစ်ကို ဖွင့်ကစားရင်း ဦးဆောင်ဂိုး စတင်ရရှိသွားခဲ့ ပါတယ်။ ပွဲချိန် 4 မီးနစ်မှာ ထောင့်ကန်ဘောကနေ တဆင့် မ တင်ပေးလိုက်တဲ့ ဘောလုံးကို အသင်းခေါင်းဆောင် ဒီလစ်က အပိုင် ခေါင်းတိုက်သွင်းယူ သွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အနေအထားမှာ စပါး နောက်တန်းက ထရစ်ပီယာ ဟာ ဒီလစ်ကို ကနဦး လူကပ်ထားခဲ့ပေမယ့် ၊ ခေါင်းတိုက်မယ့် အခိုက်အတန့်မှာတော့ လွှတ်ပေးလိုက်သလို ဖြစ်သွားခဲ့ကာ ၊ အေဂျက် အသင်းခေါင်းဆောင်က အခွင့်အရေးကို ပိုင်ပိုင်နိုင်နိုင် အသုံးချသွားခဲ့တာ ဖြစ်ပါတယ်။

ဒီလစ်ဟာ ကွာတားဖိုင်နယ် အဆင့် ဒုတိယ အကျော့ပွဲစဉ်မှာ ဂျူဗီ ဘက်ကို ခေါင်းတိုက်ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်သလို ၊ ဆီမီးဖိုင်နယ် ဒုတိယ အကျော့မှာလဲ နောက်ထပ် ခေါင်းတိုက် ဂိုး 1 ဂိုး ထပ်မံ သွင်းယူခဲ့ပြီး ၊ ဒီရာသီ စုစုပေါင်း သွင်းဂိုးက 7 ဂိုး အထိ ရှိလာခဲ့ပါပြီ။

ဦးဆောင်ဂိုး ပေးလိုက်ရပြီးမှာတော့ စပါးဟာ ချေပဂိုး ရယူဖို့ ချက်ခြင်း ပြန်လည် တိုက်စစ်ဆင်ခဲ့ပြီး ၊ ဆွန်ယောင်မင် ရဲ့ တစ်ကိုယ်တောက် ထိုးဖောက်မှု ကနေ ဂိုးရှေ့ကို အကောင်းဆုံး ခင်းပေးခဲ့ပေမယ့် ၊ ပိတ်သွင်းမယ့်သူ မရှိတာကြောင့် ၊ အခွင့်အရေး တစ်ရပ် ဆုံးရှုံးသွားတယ်လို့ ဆိုရမှာပါ။

အဲဒီနောက် အလီရဲ့ ဖန်တီးမှုကနေ ဆွန်ယောင်မင် က ဂိုးရှေ့မှာ အပိုင် ကန်သွင်းခွင့် ရရှိခဲ့ပြန်ပေမယ့် ၊ အေဂျက် ဂိုးသမား အိုနာနာ ကပဲ ကာကွယ် သွားခဲ့ ပါတယ်။

Goal!!
35 မီးနစ် အရောက်မှာ အိမ်ရှင်တို့ကပဲ ဒုတိယ ဦးဆောင်ဂိုး ထပ်မံ ရယူခဲ့ ပါတယ်။ ဒီဂိုးဟာလဲ ထရစ်ပီယာ ရဲ့ အမှားကနေ တန်ပြန်တိုက်စစ်ကို ခွင့်ပြု လိုက်ရတာ ဖြစ်ပြီး ၊ တာဒစ် ပြန်ချပေးတဲ့ ဘောလုံးကို ၊ ဇီယက် က အပိုင် ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။

စပါးအတွက်တော့ မျှော်လင့်ချက်တွေဟာတော်တော်လေးကို နည်းပါး သွားခဲ့သလို ၊ တိုက်စစ် ပုံဖော်မှုတွေဟာလဲ အသင်းလုံး ဟန်ချက်ညီမှု လုံးဝ မရှိတော့ပဲ ၊ အေဂျက် ဂိုးဧရိယာ ထိပ်မှာတင် ပျက်ပြယ် သွားခဲ့ ရပါတယ်။ အထူးသဖြင့် ကွင်းလယ် ကစားသမားတွေ ဖြစ်တဲ့ ဆစ်ဆိုခို ၊ ၀မ်ယာမာတို့ ရဲ့ ခြေစွမ်းဟာ ပုံမှန်အောက်ကို ကျဆင်းနေခဲ့တာကြောင့် ၊ တိုက်စစ် လမ်းကြောင်း ပုံဖော်မှုတွေဟာလဲ အားနည်းမှုတွေ များစွာ ဖြစ်ပေါ်နေခဲ့ ရပါတယ်။

[ads_grace]

ပထမပိုင်းမှာ စပါးဟာ အေဂျက်ကို တုန့်ပြန် ကစားဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့သော်လဲ သူတို့ရဲ့ ကစားဟန်ဟာ စုစည်းမှု လုံးဝ မရှိခဲ့သလို ၊ ဦးဆောင်ဂိုးတွေ ပေးထားရတာကြောင့် စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုကလဲ အားနည်းလွန်းနေခဲ့ ပါတယ်။ ဒါကြောင့် ချေပဂိုး ရဖို့ လုံလောက်တဲ့ ဂိုးပေါက် ကန်သွင်းမှုတွေ ရယူနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

အေဂျက် လူငယ်တွေ ကတော့ တကယ်ကို ကောင်းမွန်လွန်းတယ်ဗျာ………

Second Half
***********

ဒုတိယပိုင်း ပြန်လည် စတင်ချိန်မှာတော့ စပါးဟာ ချေပဂိုး ရဖို့ လိုရန်တီကို ထည့်သွင်း ကစားလာခဲ့ပါပြီ။ အဲဒီနောက် အလီရဲ့ အနီးကပ် ပိတ်သွင်းချက်ကို အိုနာနာက ထပ်မံ ကာကွယ် သွားပြန်တာကြောင့် ချေပဂိုးနဲ့ ထပ်မံ လွဲချော်ခဲ့ ရပြန်ပါတယ်။

Goal!!!
54 မီးနစ် အရောက်မှာ အလီခင်းပေးလိုက်တဲ့ ဘောလုံးကို လူးကပ် မော်ရာ က ပြေးအားကောင်းကောင်း နဲ့ ဆွဲထွက်သွားခဲ့ပြီး ၊ ဂိုးသမား နဲ့ တစ်ယောက်ချင်း အတွေ့မှာ အပိုင်ကန်သွင်း သွားခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် 4 မီးနစ် အကြာမှာ စပါးအတွက် ဒုတိယမြောက် ချေပဂိုးကို မော်ရာကပဲ ထပ်မံ သွင်းယူ လိုက်ပြန်ပါတယ်။

[ads_grace]

ပွဲဟာ တော်တော်လေးကို စိတ်ဝင်စားစရာ ကောင်းသွားခဲ့ ပါပြီ။ စပါးဟာ နောက်တစ်ဂိုး သွင်းယူ နိုင်ပြီ ဆိုပါက ဗိုလ်လုပွဲ ကို တက်ရောက်နိုင်မှာ ဖြစ်လို့ စိတ်ဓါတ်တွေလဲ မြင့်တက်သွားခဲ့ ပါတယ်။ ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲ ဒုတိယ အကျော့ အလှည့်အပြောင်းတွေကတော့ တကယ်ကို မယုံနိုင်စရာပဲဗျာ……….

2-2 ဖြစ်သွားပြီး နောက်ပိုင်းမှာတော့ ပွဲဟာ ပိုပြီးတော့ အကြိတ်အနယ် ရှိလာခဲ့ပြီး ၊ နှစ်သင်း စလုံးကလဲ နောက်ထပ် သွင်းဂိုး တစ်ဂိုး ရရှိရေးပဲ ဦးတည် ကစားလာခဲ့ပါတယ်။ စပါးရော ၊ အေဂျက်ပါ အခွင့်အရေး ကိုယ်စီ ရရှိခဲ့ပြန်ပေမယ့် ၊ 75 မီးနစ် ကျော်လာတဲ့ အထိတော့ အသုံးချ နိုင်ခဲ့ခြင်း မရှိသေး ပါဘူး။

ပွဲပြီးဖို့ စက္ကန့်ပိုင်း အလိုအရောက်မှာတော့ လူးကပ် မော်ရာက စပါး အတွက် ဗိုလ်လုပွဲကို တက်ရောက်စေမယ့် သွင်းဂိုးကို ထပ်မံ သွင်းယူလိုက်ပါပြီ။ မနေ့ညက လီဗာပူး လုပ်ပြခဲ့သလို ၊ ဒီညမှာလဲ စပါးဟာ 3 ဂိုး ရှုံး အနေအထားကနေ ပြန်လည် တိုက်ပွဲဝင်ရင်း ၊ အနိုင်ယူ ပြသွားခဲ့တာ ဖြစ်ပါတယ်။

[ads_grace]

ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကတော့ All English Final ဖြစ်သွားခဲ့ပါပြီ။ စပါးဟာ သမိုင်းကြောင်း တစ်လျှောက် ပထမဆုံး အကြိမ် ဗိုလ်လုပွဲကို တက်ရောက် ခဲ့တာ ဖြစ်ပါတယ်။

ဂုဏ်ယူပါတယ် စပါးရေ……………………
Crd