မြန်မာ သတင်း စုံ

အေဂျက် ၂-၃ တော့တင်ဟမ်း ချန်ပီယံလိဂ် ရဲ့ နောက်ထပ် အကောင်းဆုံး come back နဲ့အတူ စပါးအသင်း ဖိုင်နယ်တက်ခဲ့တဲ့ ပွဲမှ ထူးထူးခြားခြား ပြောစရာများ

[ads_nandar]
အေဂျက်အသင်း ချန်ပီယံလိဂ် ဖိုင်နယ်မှာ လီဗာပူး နဲ့ တွေ့မယ်လို့ ထင်ခဲ့ပေမယ်လည်း ထင်သလောက် မလွယ်ကူ ခဲ့ပါဘူး။ နယ်သာလန် ကလပ်ဟာ ပထမအကျော့က ၁-၀ ဆိုတဲ့ ရလဒ်အပြင် ဒုတိယအကျော့မှာလည်း ပထမပိုင်း သွင်းဂိုး ၂ဂိုးကြောင့် half-time မှာတင် ၃-၀ နဲ့ အသာစီး အနေအထား ရခဲ့ပါတယ်။ ဒါပေမယ့် လူကပ်မော်ရာရဲ့ ဒုတိယပိုင်း အစ သွင်းဂိုး ၂ ဂိုးကြောင့် အိမ်ရှင်အသင်းအတွက် စိုးရိမ်မှုတွေ ၀င်ရောက်လာခဲ့ပြီး ပွဲပြီးခါနီး နောက်ဆုံး မိနစ် မှာတော့ မော်ရာ ကပဲ ၎င်းရဲ့ ဟက်ထရစ် ဖြစ်စေမယ့် ဂိုးနဲ့ အတူ စပါးကို ဖိုင်နယ်ကို ပို့ဆောင် ပေးခဲ့ပါတယ်။
ဒီပွဲစဉ်မှာ ပြောစရာ ဖြစ်ခဲ့တဲ့ အချက်ငါးချက် ကတော့
၁~ ထပ်မံမြင်တွေ့ ခဲ့ရပြန်တဲ့ အကောင်းဆုံး Come back
အင်္ဂါနေ့က လီဗာပူး အသင်း ဘာစီလိုနာ အသင်း ကို ကျော်ဖြတ် ပြခဲ့သလိုပဲ စပါး အသင်းဟာ နှစ်ကျော့ပေါင်း ၃ – ၀ ဆိုတဲ့ ရလဒ် နဲ့ ပထမပိုင်းမှာ ရှုံးနေ ခဲ့ပေမယ့်လည်း ဒုတိယပိုင်း သွင်းဂိုး တွေနဲ့ အတူ ပြန်လာ နိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ကလပ်တွေကို ဖြိုလှဲ ရတာ မလွယ်ကူဘူး ဆိုတာကို ထပ်မံ သက်သေ ပြသွားခဲ့ ပါတယ်။
[ads_nandar]
ဘာပဲ ဖြစ်ဖြစ် စပါး ရဲ့ နိုင်ပွဲဟာ လီဗာပူး ထက်ပိုပြီးတော့တောင် ချိုမြိန် နိုင်ပါတယ်။ စပါးဟာ နောက်ပိုင်း ပွဲစဉ်တွေမှာ ခြေစွမ်းပိုင်း မကောင်း ဖြစ်နေခဲ့ပြီး ဒီအသင်းဟာ အဓိက ကစားသမား ဟယ်ရီကိန်း ကိုလည်း လက်လွှတ် ထားရပါတယ်။ ပြီးတော့ အဝေးကွင်းမှာ ကစား ခဲ့ရတာပါ။ ပထမပိုင်းမှာ ကစားပုံ မကောင်းတာကြောင့် အေဂျက်အသင်းရဲ့ ဦးဆောင်ဂိုးတွေကို ခွင့်ပြု ခဲ့ရပြီး ပြန်လာ နိုင်ဖို့ အတော် ခက်ခဲတဲ့ အနေအထား ရှိနေ ခဲ့ပေမယ့်လည်း ဒုတိယပိုင်း မှာတော့ ဘာမှ ဆုံးရှုံးစရာ မရှိဘူးဆိုတဲ့ ခံယူချက် နဲ့ အတူ ယခုလို လှပစွာ ပြန်လာ နိုင်ခဲ့တာပါ။ ဒီရာသီ ချန်ပီယံလိဂ် ကတော့ အံ့သြစရာတွေ အပြည်နဲ့ ဖြစ်ပြီး ပရိတ်သတ်တွေရဲ့ ရင်ခုန်နှုန်းတွေကို မြန်ဆန်အောင် လုပ်ပေး နေဆဲ ဖြစ်ပါတယ်။

[ads_nandar]
၂~ လီဗာပူး Vs တော့တင်ဟမ်
လီဗာပူး အသင်းဟာ ဆီမီးဖိုင်နယ် မဲခွဲပြီးနောက် သူတို့သာ ဘာစီလိုနာ အသင်းကို ကျော်ဖြတ် နိုင်ခဲ့မယ် ဆိုရင် လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် ဥရောပ ချန်ပီယံလိဂ် ဆုဖလား ကို ရယူ နိုင်ဖို့ အခြေအနေ အရမ်း ကောင်းသွားမယ်လို့ တွေးထား ခဲ့မှာပါ။ အေဂျက် နဲ့ ပွဲမှာ စပါး အသင်းရဲ့ ၂ ကျော့ ခြေစွမ်း အရ ဒီလို ထပ်တွေးနေ အုံးမှာပါပဲ။ လီဗာပူး အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် မှာ စပါးအသင်းကို ၂ ကျော့စလုံး ၂ – ၁ နဲ့ အနိုင် ရရှိခဲ့ပါတယ်။ ကလော့ အနေနဲ့ အကြောင်းသိ အသင်းနဲ့ ရင်ဆိုင် ရမှာ ဖြစ်တာကြောင့် ပိုမို ယုံကြည်မှု ရှိနေ နိုင်ပါတယ်။

ဒါပေမယ့် စပါးအသင်းရဲ့ ကွာတားဖိုင်နယ် မှာ မန်စီးတီး ၊ ဆီမီးဖိုင်နယ်မှာ မော်ရာ ရဲ့ နောက်ဆုံး မိနစ် သွင်းဂိုး အတူ အေဂျက်ကို အနိုင်ယူပြ ခဲ့တဲ့ ပုံစံဟာ ကလော့ ကို အနည်းငယ်တော့ ခြောက်ခြား နေစေမှာပါ။ လာမည့် ဇွန်လ ၁ ရက်နေ့ အက်သလက်တီကို ရဲ့ ကွင်းကြီးထဲမှာ အကောင်းဆုံး come back နဲ့ ပြန်လာကာ စိတ်ဓာတ် တက်ကြွနေတဲ့ အသင်း နှစ်သင်း ဘယ်သူ အသာစီး ရသွားမလဲ ဆိုတာ ကတော့ ရင်ခုန်စရာ ပါပဲ။
[ads_nandar]

၃~ ဟယ်ရီကိန်းကို လွမ်းစရာ မရှိခဲ့
ပထမပိုင်း ၄၅ မိနစ် မှာတော့ စပါး နဲ့ လီဗာပူး တို့ရဲ့ လူအင်အား နက်ရှိုင်းမှု ခြားနားချက်ကို ပြသ ခဲ့ပါတယ်။ လီဗာပူး ဟာ ဘာကာ နဲ့ ပွဲမှာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ် ကစားသမား ၂ ဦး ဖြစ်တဲ့ ဆာလား ၊ ဖာမီနို တို့မပါ ပေမယ့်လည်း ဘာကာကို ဂိုးသွင်းနိုင်ခဲ့ကာ ခြိမ်းခြောက်မှုတွေလည်း လုပ်နိုင် ခဲ့ပါတယ်။ ဟယ်ရီကိန်း မပါတဲ့ စပါး ကတော့ တိုက်စစ်မှာ အစွယ်မရှိတဲ့ မြွေလို ဖြစ်နေ ခဲ့ပါတယ်။

ဒါပေမယ့် ဒုတိယပိုင်းမှာ လိုရန်တီ လူစားဝင် လာခဲ့ပြီးနောက် ပွဲဟာ အလှည့်အပြောင်း ဖြစ်သွား ခဲ့ပြီး မော်ရာ ကလည်း ပေါ်ထွက် လာခဲ့ပါတယ်။ ဘရာဇီး စတား ဟာ ၅၅ ၊ ၅၉ မိနစ် တို့မှာ ဂိုးတွေ ဆက်တိုက် သွင်းကာ စပါး ကို မျှော်လင့်ချက် ရှင်သန် စေခဲ့ပါတယ်။ မော်ရာ နောက်ဆုံး မိနစ်မှာ ဟက်ထရစ်မြောက် ဂိုးကို သွင်းယူ လိုက်ချိန် မှာတော့ စပါး အသင်းနဲ့ ဆက်နွယ်သူတွေ အားလုံး စိတ်လွတ်ထွက်ကုန်ကာ အစွမ်းကုန် အောင်ပွဲခံ ခဲ့ကြပါတယ်။ ဟယ်ရီကိန်း မရှိပေမယ့်လည်း စပါးဟာ ဒီလို ဖိုင်နယ်ကို တက်လှမ်း နိုင်ခဲ့တာ ဖြစ်ပြီး ပွဲပြီးဆုံးပြီးနောက် ဘယ်သူကများ ကိန်းကို တမ်းတနေမှာလဲ။


[ads_nandar]

[ads_nandar]၄~ နယ်သာလန် ဂန္တ၀င် ဖြစ်လာမယ့် ဒီလစ်
ဒီလစ် နဲ့ ပက်သက်ပြီး ချီးကျူးစရာ စကား ကတော့ ရှားပါး သွားခဲ့ပါပြီ။ ဒတ်ခ်ျ ဆယ်ကျော်သက် ကစာသမား ဟာ အေဂျက် အသင်း ဆီမီးဖိုင်နယ် ကနေ ထွက်ခွာ ခဲ့ရပေမယ့်လည်း တကယ့်ကို ဂန္တ၀င် ဖြစ်လာမယ့် စွမ်းဆောင်ရည်ကို ပြသ ခဲ့ပါတယ်။ အသက် ၂၀ ပတ်ဝန်းကျင် သာ ရှိသေးပေမယ့် ၎င်းကို ဘောဘီမိုး ၊ ဘက်ကင်ဘောင်ဝါ ၊ မာဒိနီ တို့လို ဂန္တ၀င်တွေ နဲ့တောင် နှိုင်းယှဉ် ပြောနေ ကြပါတယ်။

၎င်းမလုပ်နိုင်တာ ခပ်ရှားရှားပါ။ ဘောလုံးပေးပို့မှု ၊ ဖျက်ထုတ်မှု ၊ ဆုံးဖြတ်ချက် ချမှတ်မှု ၊ သွင်းဂိုး စတာတွေ အားလုံး ပြည့်စုံ နေပြီး ဥရောပ ထိပ်တန်း ကလပ်တွေဟာ ၎င်းကို ခေါ်ယူဖို့ အသဲအသန် စိတ်ဝင်စား နေကြတာ အံ့သြစရာတော့ မဟုတ်ပါဘူး။ ဒီလစ် ရဲ့ ပြောင်းရွေကြေးဟာ အေဂျက် အသင်း ချန်ပီယံလိဂ် ဖိုင်နယ် မတက် ခဲ့တာကြောင့် နဲ့တော့ ကျဆင်း သွားဖို့ မရှိပါဘူး။


[ads_nandar]

၅~ တော့တင်ဟမ် ရဲ့ form
စပါး အသင်းရဲ့ ဘောလုံး ရာသီ ကတော့ အလှည့်အပြောင်းတွေ များလွန်း လှပါတယ်။ စပါး ဟာ ဒီပွဲ မတိုင်မီ နောက်ဆုံး ၆ ပွဲမှာ ရှုံးပွဲ ၅ ပွဲ နိုင်ပွဲ တစ်ပွဲသာ ရရှိ ထားခဲ့ပြီး ချန်ပီယံလိဂ် ၀င်ခွင့်အတွက်တောင် အတော် စိုးရိမ် ခဲ့ရပါတယ်။ ဒါပေမယ့် အေဂျက်ကို အမ်စတာဒမ် မှာ နိုင်ခဲ့တာ ကတော့ စပါးရဲ့ ပြီးခဲ့တဲ့ ရလဒ်ဆိုးတွေကို လုံးဝ ဖုံးလွှမ်း သွားနိုင်ခဲ့ပြီး ဒီရာသီ ဟာ ၎င်းတို့ အတွက် အဓိပ္ပာယ် ရှိနေဆဲ ဖြစ်ပါတယ်။

စပါး ဟာ ချန်ပီယံလိဂ် ၀င်ခွင့် အတွက် နောက်ဆုံး ပွဲစဉ်မှာ အဲဗာတန် ကို ဂိုးပြတ် မရှုံးဖို့ လိုအပ်ပြီး အဆင့် ၅ နေရာ က အာဆင်နယ် ကတော့ ထိပ်ဆုံးလေးသင်း ၀င်ဖို့ အတွက် စပါးရဲ့ ဂိုးပြတ် ရှုံးပွဲ အပြင် ၎င်းတို့ကလည်း ဘန်လေကို အဝေးကွင်းမှာ ဂိုးပြတ် နိုင်ဖို့ လိုတာကြောင့် တော့တင်ဟမ်ဟာ လာမည့် ရာသီ ချန်ပီယံလိဂ် တစ်နေစာ အတွက် သေချာ သလောက် ပါပဲ။

crd